Remote Desktop (RDP) ဖြင့် Windows VPS ချိတ်ဆက်နည်း
SM Synergy Cloud ၏ လုပ်ငန်းသုံး Windows Server VPS များသို့ ကွန်ပျူတာ Screen အပြည့်အစုံဖြင့် ချိတ်ဆက်နိုင်ရန် Microsoft ၏ တရားဝင် Remote Desktop Protocol (RDP) ကို အသုံးပြုနိုင်ပါသည်။
ချိတ်ဆက်ရန် လိုအပ်သည့် အချက်အလက်များ:
- ဆာဗာ Public IPv4:
ဥပမာ - 203.159.95.xxx - အသုံးပြုသူအမည်:
Administrator - စကားဝှက်: ဝန်ဆောင်မှုစတင်ချိန်တွင် ပေးပို့ထားသော စကားဝှက်
- မူလ RDP Port:
3389
Windows ကွန်ပျူတာမှ ချိတ်ဆက်နည်း
- သင့်ကီးဘုတ်မှ
Windows Key + Rကို တွဲနှိပ်ပြီးmstscဟု ရိုက်ထည့်ကာ Enter နှိပ်ပါ။ - Computer အကွက်တွင် သင့်ဆာဗာ၏ IP လိပ်စာကို ထည့်သွင်းပါ။
- Connect ကို နှိပ်ပါ။
- အကောင့်တောင်းခံလာပါက More choices > Use a different account ကို ရွေးချယ်ပါ။
- User name တွင်
Administratorဟု ထည့်ပြီး Password အကွက်တွင် သင့်ဆာဗာစကားဝှက်ကို ထည့်ပါ။ - လုံခြုံရေး Certificate သတိပေးချက် ပေါ်လာပါက Don't ask me again ကို အမှန်ခြစ်ပြီး Yes နှိပ်၍ ဆက်သွားပါ။
Apple macOS မှ ချိတ်ဆက်နည်း
- Mac App Store မှ Microsoft Remote Desktop ဆော့ဖ်ဝဲကို ဒေါင်းလုဒ်ရယူပါ။
- Add PC ကို နှိပ်ပြီး PC Name တွင် ဆာဗာ IP ထည့်ပါ။
- User Account တွင်
Administratorနှင့် စကားဝှက်ကို သိမ်းဆည်းပါ။ - သိမ်းဆည်းထားသော ဆာဗာ Icon ကို Double-click နှိပ်၍ အသုံးပြုနိုင်ပါပြီ။
